(၁၀-၁၁-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့မှ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး သမဝါယမ ညွှန်ကြားရေးမှူးမှ ဌာန၏ဝန်ထမ်းဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များအား Power Pointနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်ကြရာ ညွှန်ကြားရေမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဌာန၏ဝန်ထမ်းအင်အားဖွဲ့စည်းပုံအား Power Pointနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
ဆွေးနွေးပွဲကို (၁၆း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။