စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ (၁၃-၁၁-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် ဈေးကလေးရပ်ရှိ ဦးချိုတာ မွေးမြူထားရှိသည့် ဒေသနွားနှင့်နို့စားနွားကောင်ရေ (၁၈၅)ကောင်၊ ဦးအောင်နိုင် မွေးမြူထားရှိသည့် ဒေသနွားနှင့် နို့စားနွားကောင်ရေ (၈၅)ကောင်၊ ဦးထွန်းအေး မွေးမြူထားရှိသည့် ဒေသနွားနှင့် နို့စားနွားကောင်ရေ (၇၆)ကောင် မွေးမြူရေးခြံများသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့မွေးမြူထားရှိသည့် ဒေသနွားနှင့် နို့စားနွား မွေးမြူထားရှိသည့်အခြေအနေများအား ရှင်းလင်းပြသခဲ့ ကြပါသည်။
ထို့နောက် ရွှေဘိုမြို့ ခရိုင်းအဆင့်ဌာနဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရွှေဘိုခရိုင် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ရွှေဘိုခရိုင်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ရွှေဘိုမြို့ မဟာနန္ဒာကန်သို့ သွားရောက်၍ မြို့နေပြည်သူများ နေ့စဉ်သောက်သုံးရေဖူလုံပြည့်ဝစွာရရှိရေး၊ ကန်အတွင်းရေသိုလောင်ကန်များအား သပ်ရပ်စွာထားရှိစေရေး၊ မဟာနန္ဒာကန်အတွင်းရေဝင်ရောက်မှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။