(၁၆-၈-၂၀၂၆)ရက်နေ့ (၀၉း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့် သည် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများနှင့်အတူ မုံရွာမြို့ ရောင်ခြည်သစ် ပရဟိတမျက်မမြင် ပညာသင်ကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မျက်မမြင်ပညာသင်တန်းကျောင်းမှ ကျောင်းသား/သူများမှ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခြင်း၊ မျက်မမြင်ကျောင်းသား/သူများ ပညာသင်ကြားမှုအခြေများကြည့်ရှုခြင်း၊ အကြောပြင် အနှိတ်အခန်းများကြည့်ရှုခြင်းများနှင့် ကျောင်းသား/သူများအား အားပေးစကားများပြောကြားခဲ့ပြီး မုံရွာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မျက်မမြင် ကျောင်သား/သူများအတွက် အလှူငွေ (၁၀)သိန်းကျပ် အား တာဝန်ရှိသူများထံ လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်ပြီး (၁ဝး၀၀) နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်သား/ သူများမှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြပြီး ဂေဟာအတွက်လိုအပ်သည့် ရေသန့်စက်တပ်ဆင်ရန်အတွက် မုံရွာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အလှုငွေ (၁၂)သိန်းကျပ်အား လှူဒါန်ခဲ့ကြပါသည်။
ထို့နောက် (၁၁း၀၀)နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့ ဘိုဘွားရိပ်သာသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်အတူ ဘိုဘွားများအစားအသောက် ကျွေးမွေးနေမှုများအား ကြည့်ရှု့ခဲ့ပြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဘိုဘွားများအတွက် ကျွေးမွေးစရိတ်လှုဒါန်းငွေ(၁၀)သိန်းကျပ်အား လှူဒါန်းခဲ့ကြပါသည်။