Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • E-Books များ
ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ရောင်ခြည်သစ် ပရဟိတမျက်မမြင် ပညာသင်ကျောင်း၊ သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မုံရွာ ဘိုဘွားရိပ်သာများသို့ သွားရောက် မုံရွာ ဩဂုတ် ၁၆

သြဂုတ် 16, 2026
သတင်းများ

(၁၆-၈-၂၀၂၆)ရက်နေ့ (၀၉း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့် သည် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများနှင့်အတူ  မုံရွာမြို့ ရောင်ခြည်သစ် ပရဟိတမျက်မမြင် ပညာသင်ကျောင်းသို့ ရောက်ရှိပြီး  တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မျက်မမြင်ပညာသင်တန်းကျောင်းမှ ကျောင်းသား/သူများမှ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခြင်း၊ မျက်မမြင်ကျောင်းသား/သူများ ပညာသင်ကြားမှုအခြေများကြည့်ရှုခြင်း၊ အကြောပြင် အနှိတ်အခန်းများကြည့်ရှုခြင်းများနှင့် ကျောင်းသား/သူများအား အားပေးစကားများပြောကြားခဲ့ပြီး မုံရွာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မျက်မမြင် ကျောင်သား/သူများအတွက် အလှူငွေ (၁၀)သိန်းကျပ် အား တာဝန်ရှိသူများထံ လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်ပြီး (၁ဝး၀၀) နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်သား/ သူများမှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြပြီး ဂေဟာအတွက်လိုအပ်သည့် ရေသန့်စက်တပ်ဆင်ရန်အတွက် မုံရွာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အလှုငွေ (၁၂)သိန်းကျပ်အား လှူဒါန်ခဲ့ကြပါသည်။
ထို့နောက် (၁၁း၀၀)နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့ ဘိုဘွားရိပ်သာသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်အတူ ဘိုဘွားများအစားအသောက် ကျွေးမွေးနေမှုများအား ကြည့်ရှု့ခဲ့ပြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဘိုဘွားများအတွက် ကျွေးမွေးစရိတ်လှုဒါန်းငွေ(၁၀)သိန်းကျပ်အား လှူဒါန်းခဲ့ကြပါသည်။

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use