မုံရွာ ဩဂုတ် ၂၀
(၂၀-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ (တိုင်းဒေသကြီးဦးစီးမှူးရုံး)များမှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက် ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (တိုင်းဒေသကြီးဦးစီးမှူးရုံး) တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေကြမ်းရေးဆွဲခြင်းများ၊ ခရီးသွားဇုန် သက်မှတ်ထားရှိမှုများ၊ ၊ နာဂဒေသ ခရီးသွားလာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စစ်ကိုင်းတွင်ထားရှိသော Information Counter နှင့်ပတ်သက်၍ မေးမြန်ကြရာ တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (တိုင်းဒေသကြီး ဦးစီးမှူးရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Pointနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စား လှယ်များမှ ကုန်သွယ်မှု ဥပဒေကြမ်း ရေးဆွဲထားရှိခြင်းနှင့်ပတ်သက်၍ မေးမြန်ရာ လက်ထောက် ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။
အခမ်းအနားကို (၁၆း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။