တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို ၇၄ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၉ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၉ )ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ဆက်လက်၍ ဒေါ်စန္ဒာသိန်း၊မော်လိုက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ အစည်းအဝေး စတုတ္ထနေ့ (၁၁-၈-၂၀၂၆)ရက်နေ့တွင် မေးမြန်းခဲ့သော "မော်လိုက်မြို၊ စွယ်တော်ရပ်ကွက်ရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများထဲမှ ကျန်ရှိသည့်အပိုင်းများအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း" စပ်လျဉ်းသည့် မေးခွန်းအပေါ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးမှ ထပ်မံရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဦးမြင့်တင်၊ ကျွန်းလှမြိုနယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ အစည်းအဝေး သတ္တမနေ့ (၁၇-၈-၂၀၂၆)ရက်နေ့တွင် မေးမြန်းခဲ့သော "ကျွန်းလှမြို့နယ်၊ ကျွန်းလှ-သဖန်းဆိပ်လမ်းနှင့် ဆက်သွယ်ထားသော ကျေးရွာကျောက်ချောလမ်းကြမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း" စပ်လျဉ်းသည့် မေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းမှ ထပ်မံရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးရဲမိုးနိုင်၊ ရေဦးမြိုနယ်မဲဆန္ဒနယ်အမှတ် (၁)မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကုန်တင်ကုန်ချ လုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို တင်သွင်းသည်။
ယင်းနောက် လွှတ်တော်ဥက္ကဌမှဥပဒေပြုရေးဆိုင်ရာကော်မတီက တင်သွင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါကလွှတ်တော်ရုံးအကြီးအမှူးထံ (၂၆-၈-၂၀၂၆)ရက်နေ့ ညနေ (၁၅၃၀)နာရီအရောက် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်ဥက္ကဌမှစစ်ကိုင်းတိုင်းဒေကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၄)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။