(၂၄-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက် ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးမှ အကောက်ခွန်ဦးစီးဌာနတွင် ကျင့်သုံးနေသော တည်ဆဲ ဥပဒေများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ ဖုန်းများ အခွန်ကောက်ခံမှု အခြေအနေများ၊ ပင်လယ်ရေကြောင်းဥပဒေ၊ တမူးကုန်သွယ်ရေးဇုန် ဝန်ထမ်းများချထား၍ လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ အခြေအနေနှင်ပတ်သက်၍ မေးမြန်းကြရာ ညွှန်ကြားရေးမှူးမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ငွေးရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာနအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point နှင့်တကွ ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် များမှ ကလေဝမြို့တွင် အသေးစားငွေစုငွေချေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အခမ်းအနားကို (၁၅း၂၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
