တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( ၁၄ )ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှိ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( ၁၄ ) ရက်မြောက်နေ့သို တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို ၇၅ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။
ဆက်လက်ပြီး ကြယ်ပွင့်ပြထားသည့် မေးခွန်း( ၆ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၆ )ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဥပဒေပြင်ဆင်ရန်တင်သွင်းထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်တင်ကုန်ချ လုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားအဆုံးအဖြတ် ရယူရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး က ပြင်ဆင်သည့် ဥပဒေကို ကန့်ကွက်ရန်မရှိ သဘောတူပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူသည့်အတွက် လွှတ်တော် ဥက္ကဌ က ပြင်ဆင်သည့် ဥပဒေကို အတည်ပြု ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် လွှတ်တော်ဥက္ကဌမှစစ်ကိုင်းတိုင်းဒေကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့်အစည်းအဝေး(၁၅)ရက်မြောက်နေ့ကို ဩဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
