မုံရွာ စက်တင်ဘာ၃ရက် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၃.၉.၂၀၂၆ရက်နေ့၁၀း၀၀ နာရီအချိန်တွင် မော်တော်ယာဉ်များနှင့်အ ခြားယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေ(မူကြမ်း)ကို ဆွေးနွေးခဲ့ကြပါသည်။ကော်မတီအမှတ် ၁ ဥပဒေပြုရေးဆိုင်ရာကော်မတီခန်းမ၌ ကော်မတီဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီအဖွဲဝင် (၆)ဦးတက်ရောက်ပါသည်။အစည်းအဝေးကို ၁၂း၁၅နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
