စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် တိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့်အတူ (၂၆-၉-၂၀၂၆)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် မုံရွာမြို့ ကုမာရာရာမ ကျောင်းတိုက် စာမေးပွဲအောင် သံဃာတော်အရှင်မြတ်တို့အား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆရာတော်ကြီးများအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စာမေးပွဲအောင် သံဃာတော်အရှင်မြတ်တို့အား အောင်လက်မှတ်များ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာ တရာတော်များ နာယူကြည်ညိုခဲ့ကြပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့ ရွှေကျင်ကျောင်းတိုက်သို့ ရောက်ရှိကာ ဆရာတော်ကြီးအား သွားရောက်ဖူးမျှော်၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ပါသည်။
