(၂-၁၀-၂၀၂၆)ရက်နေ့ နေလည်(၁၃း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင် ဆောင်၌ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန အဖွဲအစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိင်မြင့် ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါ သည်။
အခမ်းအနားတွင် ကော်မတီမှ ဌာနဆိုင်ရာအဖွဲအစည်းများအား ၂၀၂၇-၂၀၂၈ခုနှစ် သာမန်နှင့်ငွေလုံး ငွေရင်း အသုံးစရိတ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားကို (၁၈း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
