စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိင်မြင့်သည် တိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်(၀၈း၃၀)အချိန်တွင် မုံရွာမြို သဒ္ဓမ္မ ပဇ္ဇောတာရုံကျောင်းတိုက်၊ (၀၉း၀၀)အချိန်တွင် အုတ်ကန်တောရစာသင်တိုက်၊ (၁၀း၀၀) အချိန်တွင် မဟာလယ်တီကျောင်းတိုက် ဘုန်တော်ကြီးကျောင်း(၃)ကျောင်းသို သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာ တရားတော်များ နာယူကြည်ညိုခဲ့ကြပါသည်။
