(၃-၁၀-၂၀၂၆)ရက်နေ့ နေလည်(ဝ၈း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင် ဆောင်၌ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန အဖွဲ့အစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရ/သုံးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် စုစုပေါင်း(၁၃)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကော်မတီမှ ဌာနဆိုင်ရာအဖွဲ့အစည်းများအား ၂၀၂၇-၂၀၂၈ခုနှစ် သာမန်နှင့်ငွေလုံး ငွေရင်း အသုံးစရိတ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြ ပါသည်။
အခမ်းအနားကို (၁၇း၅၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
