Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
    • လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာများ
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • လွှတ်တော်ကိုယ်စားလှယ်များ၏ အဆောင်ယောင်ဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • အကြံပြုစာ
    • စာကြည့်တိုက်
ဆက်သွယ်ရန်

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ မုံရွာ အောက်တိုဘာ ၅

အောက်တိုဘာ 05, 2026
သတင်းများ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၈ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။ 
ဆက်လက်ပြီး ကြယ်ပွင့်ပြ မေးခွန်း (၉)ခုကို လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးပို့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်နိုင်ရေး အဆိုပြုချက်အား လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားပြီး အဆိုပြုချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းကို အောက်တိုဘာ ၅ ရက်၊ယနေ့၁၅း၃၀နာရီ အရောက်တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အသီးသီး ရှင်းလင်းဖတ်ကြားခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးမင်းမင်းဇေယျာမြင့် စစ်ကိုင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)အပါအဝင် အဖွဲ့ဝင်များ စုစုပေါင်း(၇)ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ လွှတ်တော်တင်ပြပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းကို အောက်တိုဘာ(၆)ရက်၊ ညနေ ၁၅း၃၀နာရီအရောက် တင်သွင်း နိုင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားငွေချေး လုပ်ငန်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)ကို လွှတ်တော်သို့တင်သွင်းရာ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား ငွေချေးလုပ်ငန်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း ၍ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းကြောင်း လွှတ်တော်ဥက္ကဌ က ကြေညာခဲ့သည်။
ယင်းနောက် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းရာ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းကို လွှတ်တော်ရုံး အကြီးအမှူးထံ အောက်တိုဘာ (၇)ရက် ညနေ ၁၅း၃၀ နာရီအရောက်တင်သွင်း နိုင်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့ပြီး တတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၅)မိနစ် ခေတ္တ ရပ်နားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်နေရာယူပြီး အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဒေါ်စန္ဒာသိန်း၊ မော်လိုက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)က “နိုင်ငံတော်အတွင်း လတ်တလောကြုံတွေ့လာနိုင်သော အယ်လ်နီညို ရာသီဥတု၏သက်ရောက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း”အရေးကြီးအဆို တင်သွင်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ အဆိုပါ အရေးကြီး အဆိုနှင့် စပ်လျဥ်း၍ ထောက်ခံဆွေးနွေးခဲ့သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ဒေါ်စန္ဒာသိန်း၊ မော်လိုက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)မှတင်သွင်းသည့် အရေးကြီးအဆို နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူ သည့်အတွက် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးစတုတ္ထနေ့ ကို အောက်တိုဘာလ (၆) ရက်နေ့ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်းသိရသည်။

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use