စစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ တိုင်းရင်းသားလူးမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့သည် (၅-၁၀-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအား လွှတ်တော်ရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
ရှေးဉီစွာ လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး လာရောက်တွေ့ဆုံသော မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်) ဥက္ကဋ္ဌမှ အသင်းတော်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ လွှတ်တော်သတင်းလွှာများအား မက်သဒစ်အသင်းတော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံပေးအပ်ခဲ့ပြီး မက်သဒစ်အသင်းတော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။
