(၁၃-၁၀-၂၀၂၆)ရက်နေ့နံနက်(၀၇း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို မင်းဝံတောင်ရိုး ပေါ်တော်မူကျောင်းတိုက်သို
စစ်ကိုင်းမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမင်းမင်းဇေယျာမြင့်နှင့် ဇနီးဒေါ်ငုဝါခိုင်တို့ရောက်ရှိပြီး ပေါ်တော်မူဆရာတော်အားဝါဆိုသက်န်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သည် ပေါ်တော်မူဆရာတော်နှင့်အတူ မင်းဝံတောင်ရိုးပေါ်ရှိငလျင်ဒဏ်သင့်ရှေးဟောင်းရှင်အရဟံသိမ်တော်အားလေ့လာကြည့်ရှုကာ ပြုပြင်ထိမ်းသိမ်းဆောင်ရွက်ရေးအတွက် ဆရာတော်၏ လမ်းညွန်မှုကိုခံယူခဲ့ပါသည်။
