စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၂၀-၁၀-၂၀၂၆)ရက်နေ့ နံနက် (၀၉း၃၀) အချိန်တွင် မုံရွာမြို့ ကုန်တင်ကုန်ချကော်မတီရုံး(ရိပ်သာ)သို့ ရောက်ရှိ၍ ကုန်တင်ကုန်ချကော်မတီ တာဝန်ခံနှင့်အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးသို့ရောက်ရှိ၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် ရုံးအဖွဲ့များ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့တာဝန်ရှိသူနှင့်အဖွဲ့များအား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံနှင့် လွှတ်တော်လုပ်ဆောင်ချက်၊ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး အခက်အခဲများရှိပါက အချိန်မရွေးဆက်သွယ်နိုင်ကြောင်း တင်ပြလာသည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ကုန်တင်ကုန်ချကော်မတီရုံး တာဝန်ရှိသူများမှ ရုံးပိုင်အဆောက်အဦရရှိနိုင်ရေး၊ ဆိပ်ကမ်းနယ်မြေကျဉ်းမြောင်းနေသည့်ကိစ္စ၊ ဆိပ်ကမ်းသာယာလှပရေးကိစ္စများကို တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် (၁၀း၃၀)အချိန်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ရုံးသို့ ရောက်ရှိ၍ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး နှင့်ရုံးဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ လွှတ်တော်လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများကို ရှင်လင်းပြောကြားပြီး လွှတ်တော်အစည်း အဝေးသို့ လာရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက တိုင်းစည်ပင်သာယာရေးအဖွဲ့၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် (၁၁း၁၅) အချိန်တွင် တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန်ဖြူးရေး လုပ်ငန်းသို့ ရောက်ရှိ၍ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးနှင့်တာဝန်ရှိသူများအား တွေ့ဆုံ ပြီး လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်လုပ်ဆောင်ချက်များ၊ အတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် (၁၂း၂၅)အချိန်တွင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး သို့ရောက်ရှိ၍ အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်လုပ်ဆောင်ချက်များ၊ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိမှ မုံရွာမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံးသို့ (၁၃း၀၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
