စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် မုံရွာမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဒေါ်ကြူကြူစိန်နှင့်အတူ (၂၂-၁၀-၂၀၂၆)ရက်နေ့ နံနက်(၀၉း၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ရောက်ရှိရာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများမှ မီးငြှိမ်း သတ်ယာဉ်များအား လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ကားများ၊ မီးငြှိမ်းသတ်ပစ္စည်များ၊ ကယ်ဆယ်ရေးပစ္စည်များအား ပြသခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး၊တပ်ဖွဲ့ဝင်များ၊ မုံရွာမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော် ဖွဲ့စည်းပုံ လွှတ်တော်လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများ မီးသတ်တပ်ဖွဲ့၏ အရေးပါမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ မီးသတ်ဌာနနှင့် အရန် မီးသတ်များ၏ လုပ်ဆောင်ချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး နှင့်အရန်မီးသတ်တပ်ဖွဲ့ ဝင်များအတွက် လွှတ်တော်သတင်းလွှာများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပြီး မုံရွာမြို့ရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁း၂၃)အချိန်တွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ရောက်ရှိပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများအား တိုင်ဒေသကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ လွှတ်တော်လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ဌာန၏ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ တာဝန်ကျရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံးသို့ (၁၂း၄၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
