စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၂၃-၁၀-၂၀၂၆)ရက်နေ့ နံနက်(၀၉း၃၀) နာရီအချိန်တွင် မုံရွာမြို့ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ် ဆရာမကြီးရုံးခန်း၌ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူ၊ မြို့နယ်ပညာရေးမှူး ကျောင်း အုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်လုပ်ဆောင်ချက်၊ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ အ.မ.က(မူလွန်) ရရှိနိုင်ရေး တာဝန်ရှိသူများမှ တဆင့်သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြပါ သည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် (၁၀း၃၀)အချိန်တွင် မုံရွာမြို့ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးရုံးခန်း၌ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်လုပ်ဆောင်ချက်၊ လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဖွဲ့စည်းပုံနှင့် ကျောင်း သား/သူများ၏ အတန်းအလိုက်ပညာသင်ကြားနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ကျောင်းသား/သူများ ရှင်းလင်းရန်မလွယ်ကူသောကြောင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် (၁၁း၂၀)အချိန်တွင် မုံရွာမြို့ အမှတ်(၉) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိ၍ ကျောင်းတာဝန်ရှိဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်လုပ်ဆောင်ချက်၊ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိဆရာမကြီးမှ ကျောင်းဖွဲ့စည်းပုံနှင့် ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှု အခြေအနေများကို တင်ပြခဲ့ပါသည်။ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံးသို့ (၁၂း၀၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
