စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့သည့် (၂၃-၁၀-၂၀၂၆) ရက်နေ့ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး Vedio Conference Room၌ ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးကို လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရုံးအကြီးအမှူး နှင့်လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအထောက် အကူပြုအဖွဲ့ ဖွဲ့စည်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းဝေးကို (၁၆း၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
