စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဉီးတင့်လှိုင်မြင့်သည် (၂၄-၁၀-၂၀၂၆ )ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် အုတ်ကန်တောရကျောင်းတိုက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာနမှ ဆရာတော်၊သံဃာတော် သာသနာဝင်များအား EDI စနစ်ဖြင့် UDI ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဉက္ကဋ္ဌသည် ဆရာတော်၊ သံဃာတော်များအား ရေဗူးနှင့် အချိုရေဗူးများ ဆက်ကပ်လှုဒါန်းခဲ့ပြီး ဝေယျာဝစ္စများ ဆောင်ရွက်ပေးခဲ့ပါသည်။
