စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ လွှတ်တော်ရုံးအကြီးအမှူး၊ လွှတ်တော်ရုံးဝန်ထမ်းတာဝန်ရှိသူများနှင့်အတူ (၂၈-၁၀-၂၀၂၆) ရက်နေ့ နံနက်(၁ဝး၃၀)အချိန်တွင် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) အောင်မြင်စွာကျင်းပနိုင်ရန် လွှတ်တော်အစည်းအဝေခန်းမအတွင်း ရုပ်သံစနစ်များ စမ်းသပ်စစ်ဆေးနေမှုများ၊ သဘင်ဆောင်အတွင်ရှိ တွေ့ဆုံပွဲ အခမ်းအနား ပြင်ဆင်ထားမှုအခြေအနေများအား ကြည့်ရှု့ခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ကိုယ်စားလှယ်များရိပ်သာရှိ အားကစားခန်မ၊ ကိုယ်စားလှယ်အဆောင်များ၊ အမှိုက်စွန့်ပစ်မှုအခြေအနေများနှင့် ကိုယ်စားလှယ်များအကြိုအပို့ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
