(၁၈-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)များမှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက်ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)များမှ တာဝန်ရှိသူများ နှင့် လွှတ်တော်ရုံးဝန်ထမ်းအား တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) ဒုတိယညွှန်ကြားရေးမှူးမှ စစ်ကိုင်းတိုင်းဒေသကြီး ပညာ ရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လစ်ထားရှိမှု အခြေအနေများအား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အခမ်းအနားကို (၁၅း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
