(၂၁-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနှင့် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက် ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စားသုံးသူရေရာဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာနဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန်ဖြူးရောင်းချမှု အခြေအနေများကို Power Pointနှင့် တကွ ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ စားသုံးသူ ရေးရာသို့တိုင်ကြားရာ၌ ကွင်းဆင်းစိစစ်မှုအခြေအနေများ၊ စာသင်ကျောင်းများတွင် ပလပ်စတစ်ခွက်ထဲ၌ ခေါက်ဆွဲခြောက်များပြုတ်၍ ရောင်းချနေမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်ညီညွှတ်မှုရှိ/မရှိ စားသုံးသူရေးရာ အနေဖြင့် စိစစ်ဆောင်ရွက်မှုအခြေအနေများ၊ နန်းယွန်မြို့ နယ်စပ်ဒေသများတွင် စားသုံးသူရေးရာအနေဖြင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူရေးရာအနေဖြင့် ဆန်၊ ဆီ၊ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှုမရှိခြင်းများ တွေ့မြင်ရသည်များနှင့်ပတ်သက်၍ မေးမြန်ကြရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာနဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင် မည့် လုပ်ငန်းအခြေအနေများအား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ မေးမြန်ရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အခမ်းအနားကို (၁၆း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
