ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင်နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။
မှတ်ချက်။ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း လာရောက်လေ့လာပါက အစည်းအဝေးကျင်းပပြုလုပ်ပုံအား ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အစည်းအဝေးရပ်နားစဉ်ကာလများတွင် လွှတ်တော်အဆောက်အဦနှင့် အခြားလေ့လာစရာများအား လေ့လာနိုင်မည်ဖြစ်ပါသည်။
- လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခံယူရမည်။
- လွှတ်တော်အစည်းအဝေးသို့လာရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှ လွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများ ယူဆောင် အသုံးပြုခြင်း မပြုရ။
- လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခွင့်မပြု။
- အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
- လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် ဥက္ကဋ္ဌ ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံး ထိုင်နိုင်ပါပြီဟုခွင့်ပြုမှသာ ထိုင်ပေးကြပါရန်။
လေ့လာသူများအနေဖြင့် လျှောက်လွှာကို Download ပြုလုပ်၊ ဖြည့်စွက်ပြီး အောက်ဖော်ပြပါ သတ်မှတ်ချက်များအတိုင်း (sagaingregionhluttaw52025@gmail.com) သို့ Email ပေးပို့ရမည်။
မှတ်ချက်။ (၁) အတူလိုက်ပါမည့် လေ့လာသူများ၏ အချက်အလက်များအား ပူးတွဲပါဇယားတွင် ဖြည့်စွက်ပေးပါရန်။
မှတ်ချက်။ (၂) ပူးတွဲပါအချက်အလက်များအား ရှမ်းပြည်နယ်လွှတ်တော်ရုံး E-Mail (sagaingregionhluttaw52025@gmail.com) သို့ ပေးပို့ပေးနိုင်ပါရန်၊
မှတ်ချက်။ (၃) လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ရရှိပါက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးမှ အကြောင်းပြန်ကြားပေးပါမည်။
