Skip to main content
  • English
  • Myanmar
  • Home
  • Hluttaw
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
    • လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး
  • Members/Parties
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာများ
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • လွှတ်တော်ကိုယ်စားလှယ်များ၏ အဆောင်ယောင်ဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • အကြံပြုစာ
    • စာကြည့်တိုက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မုံရွာမြို့ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ သွားရောက် မုံရွာ အောက်တိုဘာလ ၂၁

October 21, 2026
News

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၂၁-၁၀-၂၀၂၆)ရက်နေ့ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် မုံရွာမြို့  တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ‌ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများအား တွေ့ဆုံ၍ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်၏လုပ်ဆောင်ချက်များ၊ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေ သကြီးဦးစီးရုံး၊ ဇေယျာရွှေမြေစုပေါင်းခန်းမတွင် ဖွင့်လှစ်သင်ကြားနေသည့် တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် (၁၄း၀၀)အချိန်တွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ လွှတ်တော်လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများကို ရှင်လင်းပြောကြား ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးရုံး တာဝန်ရှိသူများမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံးသို့ (၁၄း၄၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

Contact Information

General Inquiries and suggestion to send Sagaing Region Hluttaw -

Swe Taw Street, Obo Taung Ward, Monywa City.
sagaingregionhluttaw52025@gmail.com 
071--2032765

Social Media

Subscribe our Facebook ၊ Twitter ၊ RSS feeds and following email to get up to date news and information directly.

Copyright © 2026 Sagaing Region Hluttaw. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use