စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၂၁-၁၀-၂၀၂၆)ရက်နေ့ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် မုံရွာမြို့ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများအား တွေ့ဆုံ၍ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်၏လုပ်ဆောင်ချက်များ၊ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေ သကြီးဦးစီးရုံး၊ ဇေယျာရွှေမြေစုပေါင်းခန်းမတွင် ဖွင့်လှစ်သင်ကြားနေသည့် တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် (၁၄း၀၀)အချိန်တွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံ လွှတ်တော်လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများကို ရှင်လင်းပြောကြား ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးရုံး တာဝန်ရှိသူများမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံးသို့ (၁၄း၄၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
