တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့ကို ယနေ့နံနက်၁၀နာရီတွင်မုံရွာမြို့ရှိစစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အမှာစကားပြောကြားပြီး ၂၀၁၃ခုနှစ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ၅(ဂ)နှင့်အညီတိုင်းဒေသကြီးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်းက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကိုဆောင်ရွက်ခဲ့ပြီးကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
အစည်းအဝေးတွင်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်ကတတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့သို့တက်ရောက်ခွင့်ရှိသည့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၈၄ဦးရှိသည့်အနက်ယနေ့အစည်းအဝေးသို့ ၇၀ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်မှ သဘောတူ အတည်ပြုခဲ့သည့် ဦးစောရန်အောင်အား နိုင်ငံတော်သမ္မတရုံး၏ (၁၀.၁၀.၂၀၂၆)ရက်စွဲပါ ၊အမိန့်အမှတ် (၇၉/၂၀၂၆)ဖြင့် အတည်ပြု ခန့်အပ်ခဲ့ပြီးဖြစ်သည့်အတွက်ဦးစောရန်အောင်က ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်မှပေးပို့လာသည့်စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်း၏ အမည်စာရင်းအား လွှတ်တော်တွင်တင်ပြအတည်ပြုချက်ရယူရာလွှတ်တော် ကိုယ်စားလှယ်များက သဘောတူသည့်အတွက် လွှတိတော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက်လွှတ်တော်ဥက္ကဋ္ဌကဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဖတ်ကြားခဲ့သည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ စုစုပေါင်း အမည်စာရင်း(၁၅)ဦးကိုလွှတ်တော်သို့ တင်ပြခဲ့ပြီးဆွေးနွေးလိုသောလွှတ်တော် ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံသို့နိုဝင်ဘာလ (၂)ရက်နေ့ ၁၆း၀၀နာရီ နောက်ဆုံးထားအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်၊
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ ရပ်နားကြောင်း ကြေညာခဲ့ပါသည်။