Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
    • လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာများ
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • လွှတ်တော်ကိုယ်စားလှယ်များ၏ အဆောင်ယောင်ဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • အကြံပြုစာ
    • စာကြည့်တိုက်
ဆက်သွယ်ရန်

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ ကျင်းပ မုံရွာ၊ နိုဝင်ဘာ ၂

နိုဝင်ဘာ 02, 2026
သတင်းများ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့ကို  ယနေ့နံနက်၁၀နာရီတွင်မုံရွာမြို့ရှိစစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အမှာစကားပြောကြားပြီး ၂၀၁၃ခုနှစ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ၅(ဂ)နှင့်အညီတိုင်းဒေသကြီးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်းက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကိုဆောင်ရွက်ခဲ့ပြီးကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
အစည်းအဝေးတွင်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်ကတတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့သို့တက်ရောက်ခွင့်ရှိသည့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၈၄ဦးရှိသည့်အနက်ယနေ့အစည်းအဝေးသို့ ၇၀ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်မှ သဘောတူ အတည်ပြုခဲ့သည့် ဦးစောရန်အောင်အား နိုင်ငံတော်သမ္မတရုံး၏ (၁၀.၁၀.၂၀၂၆)ရက်စွဲပါ ၊အမိန့်အမှတ် (၇၉/၂၀၂၆)ဖြင့် အတည်ပြု ခန့်အပ်ခဲ့ပြီးဖြစ်သည့်အတွက်ဦးစောရန်အောင်က ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်မှပေးပို့လာသည့်စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်း၏ အမည်စာရင်းအား လွှတ်တော်တွင်တင်ပြအတည်ပြုချက်ရယူရာလွှတ်တော် ကိုယ်စားလှယ်များက သဘောတူသည့်အတွက် လွှတိတော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက်လွှတ်တော်ဥက္ကဋ္ဌကဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက  ဥပဒေအထောက်အကူပြုအဖွဲ့  ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဖတ်ကြားခဲ့သည်။
ထို့နောက်  လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ စုစုပေါင်း အမည်စာရင်း(၁၅)ဦးကိုလွှတ်တော်သို့ တင်ပြခဲ့ပြီးဆွေးနွေးလိုသောလွှတ်တော် ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံသို့နိုဝင်ဘာလ (၂)ရက်နေ့  ၁၆း၀၀နာရီ နောက်ဆုံးထားအမည်စာရင်း  တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်၊
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ ရပ်နားကြောင်း ကြေညာခဲ့ပါသည်။

IMG_20261102_151907_746.jpg
IMG_20261102_151907_638.jpg
IMG_20261102_151907_814.jpg
IMG_20261102_151908_553.jpg
IMG_20261102_151907_981.jpg
IMG_20261102_151907_588.jpg
IMG_20261102_151908_130.jpg
IMG_20261102_151907_693.jpg
IMG_20261102_151908_050.jpg
IMG_20261102_151908_125.jpg
IMG_20261102_151921_972.jpg
IMG_20261102_151922_333.jpg
IMG_20261102_151921_936.jpg
IMG_20261102_151921_501.jpg
IMG_20261102_151921_654.jpg
IMG_20261102_151921_768.jpg
IMG_20261102_151921_471.jpg
IMG_20261102_151921_773.jpg
IMG_20261102_151922_285.jpg
IMG_20261102_151921_569.jpg

လတ်တ‌လော သတင်းနှင့်လှုပ်ရှားမှုများ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ ကျင်းပ မုံရွာ၊ နိုဝင်ဘာ ၂

2 နိုဝင်ဘာ 2026

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ မုံရွာ အောက်တိုဘာ ၃၀

30 အောက်တိုဘာ 2026

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်မှုထမ်း တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂) နှင့်ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်း

30 အောက်တိုဘာ 2026

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use