စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီသည် (၄-၁၁-၂၀၂၆)ရက်နေ့ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်း၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်၅ ဦး၊ မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်၊။ တွေ့ဆုံပွဲတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။ တွေ့ဆုံပွဲကို ၁၅း၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
