တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ဒုတိယ နေ့ကို ယနေ့နံနက်၁၀နာရီတွင်မုံရွာမြို့ရှိ စစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမျိုးသန့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၈၄ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၆၄ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး ၂၀၁၃ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ နှင့်အညီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသိန်းက ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ခဲ့ပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းမှုနှင့်အဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်မြိုင်၊ အတွင်းရေးမှူး ဒေါ်အေးမြသွေး နှင့် အဖွဲ့ဝင် စုစုပေါင်း အမည်စာရင်း(၁၅)ဦးအား အတည်ပြုဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ဒုတိယနေ့ ရပ်နားကြောင်းနှင့် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။
