စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်(၁၀)ဦးတို့သည် (၄-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် လွှတ်တော်ရုံး ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ တတိယပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ရန်အတွက် မြေယာခွန်ဥပဒေ (မူကြမ်း)၊ ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် ဇာက်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်၍ အစီရင်ခံစာတင်သွင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၆း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
