စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ သည် (၆-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့ အစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြလာမှုနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲအား တိုင်းဒေသကြီးရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနများမှ တာဝန်ရှိသူများ ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၅း၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
