စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် လွှတ်တော်ကိုယ်စား လှယ်များသည်(၉-၈-၂၀၂၆)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မဟာ ဇောတိကရာမပါဋိတက္ကသိုလ်ကျောင်းတိုက်၊ စန်းမြရောင်ခြည်တက္ကသိုလ် စာသင်တိုက်၊ သဒ္ဓမ္မပဇ္ဇော တာရုံကျောင်းတိုက်၊ မဟာလယ်တီကျောင်းတိုက်များသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမျှော်၍ အေးရိပ်ဝေ မိသားစုနှင့် ဓမ္မမိတ္တတို့မှ လှူဒါန်းသည့် သာသနာရေးဆိုင်ရာလျောက်ထား လွှာနှင့် လှူဖွယ်ဝတ္ထုငွေများအား အလှူရှင်မိသားစုကိုယ်စား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ပါသည်။
