Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • E-Books များ
ဆက်သွယ်ရန်

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဌမနေ့ဆက်လက်ကျင်းပ မုံရွာ၊ ဩဂုတ် ၁၄

သြဂုတ် 14, 2026
သတင်းများ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဌမနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်‌ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဌမနေ့သို တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၄ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။ 
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၉)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး၀န်ကြီးကိုယ်စား စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးဆန်းဝင်း မှ တင်သွင်းခဲ့သည့် "၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေအသုံးစရိတ် စာရင်းများ"နှင့်စပ်လျဉ်း၍ အရအသုံး ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီဥက္ကဌ တန့်ဆည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦး‌ေသာ်နိုင်ဦးက တင်ပြဆွေးနွေးရာ  စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး၀န်ကြီးကိုယ်စား စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးဆန်းဝင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လွှတ်တော်ဥက္ကဌက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေအသုံးစရိတ် စာရင်းများ"နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက်  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဌမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး သတ္တမနေ့ကို ဩဂုတ်လ (၁၇)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use