စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ (၃-၁၁-၂၀၂၆)ရက်နေ့ နံနက် (၀၈း၀၀)အချိန်တွင် ၂၀၂၆ခုနှစ် မြန်မာသက္ကရာဇ်(၁၃၈၈)ခုနှစ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဆွမ်းသပိတ်လောင်းလှူပွဲသို့ တက်ရောက်ပြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းသပိတ်များ လောင်းလှူခဲ့ပါသည်။
