စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် စက်မှု၊ လက်မှု၊ စွမ်းအင်နှင့် လျှပ်စစ် ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အတူ (၄-၁၁-၂၀၂၆) ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ရွှေသိမ်တော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဇက သက်တော်(၇၂)နှစ်၊ သိက္ခာတော်(၅၂)ဝါ အန္တိမအဂ္ဂိဈာပန အခမ်းအနားသို့ ရောက်ရှိပြီး ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁ဝး၄၅)နာရီအချိန်တွင် မုံရွာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိဘပြည်သူများ၏ အကူအညီတောင်းခံစာများ၊ တိုင်ကြားစာများ ရောက်ရှိနေမှုများ တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
